• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...
Wednesday, June 29, 2011
Windows အသစ်တင်ပြီးရင်လုပ်ဆောင်သင့်သည့် Back Up and Restore Point
ကျွန်တော်ဒီနေ့တော့ဘာ Backup Tool ကိုမှမသုံးပဲ Windows မှာပါတဲ့ Function ကနေပြီးတော့ Backup and restore လုပ်နည်းလေးကို  ပြန်ပြီးမျှဝေပေးသွားပါမယ်..။ ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ် တင်ပြီးပြီဆိုတာနဲ့ Backup ဆိုတာကို မဖြစ်မနေ လုပ်ထားသင့်ပါတယ်..။ တကယ်လို့ ကွန်ပျူတာမှာအကြောင်း တစ်စုံတစ်ရာကြောင့် System Restore ပြန်လုပ်ရမဲ့ အခြေအနေမျိုး  ရောက်လာခဲ့မယ်ဆိုရင် Backup လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပါတယ်..။ ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ်တင်ပြီးလို့လိုအပ်တဲ့ Application တွေအားလုံးကို Install လုပ်ပြီးပြီဆိုတာနဲ့ Backup system ကိုစပြီး လုပ်ဆောင်သင့်ပါတယ်..။ ဒါမှ Windows ဟာသုံးရတာကြာလို့လေးလာလို့ Windows အသစ်ပြန်မတင်ချင်လို့ Repairs လုပ်ချင်တာပဲဖြစ် အခြေအနေ တစ်ခုကြောင့် Windows ကိုပြန်ပြီး Restore လုပ်၇မဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့ရင်ပဲဖြစ်ဖြစ်၊
Backup လုပ်ခဲ့တဲ့ဖိုင်လေးကိုပြန်ခေါ်ပြီးတော့ Windows ကိုမိမိတို့ Backup လုပ်ခဲ့တဲ့အခြေအနေ ကနေပြန်ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်..။ ကျွန်တော် Windows Restore လုပ်နည်းလေးကိုလည်း  အောက်မှာပုံလေးနဲ့ရှင်းပြပေးထားပါတယ်..။
1.အရင်ဆုံးကျွန်တော်တို့ Windows ကို Backup လုပ်ဖို့အတွက်  အောက်မှာပြထားတဲ့ ပုံလေးတွေအတိုင်းအဆင့်ဆင့် သွားလိုက်ပါ..။
အပေါ်ကပုံအတိုင်း  မြင်ရပြီဆိုရင်တော့ကျွန်တော်တို့  Back up File တွေကို သိမ်းဆည်းထားချင်တဲ့ Partation ကိုရွေးချယ်ရမှာဖြစ်ပါတယ်.။ တကယ်လို့ Windows ထဲက Drive တွေကိုမရွေးပဲ Usb Drive ထဲမှာ Backup File တွေကို သိမ်းဆည်းထားချင်တယ် ဆိုရင်တော့ Usb Drive ကိုမိမိရဲ့ ကွန်ပျူတာမှာ တပ်လိုက်ပါ.. ။ မိမိတို့ရွေးချင်တဲ့ Drive ကိုရွေးပြီး Next ကိုပေးလိုက်ပါ..။
အပေါ်ကပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ Let Windows Choose ( recommended ) နဲ့ Let me choose နှစ်ခုရွေးပေးရမှာ  ဖြစ်ပါတယ်..။ Let Windows Choose ( recommended ) ကိုရွေးပေးမယ်ဆိုရင်တော့ Windows မှာရှိတဲ့ Data တွေ ၊ Destop ပေါ်မှာရှိတဲ့အရာတွေ Default Windows Folder တွေအကုန်လုံးကို BackUp လုပ်ပေးသွားမှာဖြစ်ပါတယ်..။ သူကတော့မိမိတို့ Backup လုပ်ချင်တဲ့ File တွေကိုရွေးချယ်လို့ရမှာမဟုတ်ပဲ Auto Back Up လုပ်ပေးသွားမှာ ဖြစ်ပါတယ်... Let me choose ကိုရွေးချယ်မယ်ဆိုရင်တော့ BackUp လုပ်ချင်တဲ့ File တွေကိုရွေးချယ်လို့ရသလိုကို ထပ်ပေါင်း ချင်တဲ့ File တွေကိုလဲထပ်ပေါင်းထည့်ပြီး BackUp လုပ်လို့ရမှာဖြစ်ပါတယ်..။ ကျွန်တော်ကတော့ မိမိစိတ်ကြိုက် ထပ်ထည့်လို့ရအောင် Let me choose ကိုရွေးပေးလိုက်ပါတယ်..။ မိမိတို့ကြိုက်တာကို   ရွေးချယ်လို့ရပါတယ်...
အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ Change schedule  ကိုနှိပ်ပြီး Windows Back Up ကိုတစ်ပါတ်ကို ဘယ်နေ့တွေမှာ ဘယ်အချိန်တွေမှာ လုပ်မှာလဲဆိုတာ  ရွေးချယ်ပေးရပါတယ်...
အပေါ်ကပုံအတိုင်း Save setting and backup ကိုနှိပ်လိုက်ပြီဆိုရင်တော့မိမိတို့ရွေးချယ်ခဲ့တဲ့  Drive ထဲမှာ Back Up ကိုစပြီးလုပ်ဆောင်နေပြီဖြစ်ပါတယ်..။ မိမိတို့ရွေးချယ်ခဲ့တဲ့ Drive ထဲမှာ Back Up လုပ်ပြီးပြီဆိုရင် တော့ Back Up လုပ်ဆောင်ခြင်း  ပြီးဆုံးသွားပါပြီ..။
ကျွန်တော်အပေါ်မှာရှင်းပြခဲ့ပြီးသလိုပါပဲ Back Up လုပ်ခြင်းအပိုင်း  ပြီးဆုံးသွားပြီဆိုရင် မိမိတို့ရဲ့လက်ရှိသုံးစွဲနေတဲ့  Windows ကလေးနေလို့ပဲဖြစ် ၊ Virus ကြောင့် Windows မှာ Error တစ်ခုခုဖြစ်နေရင်ပဲဖြစ်ဖြစ် ၊ Windows ကိုပြန်ပြီး Restore လုပ်ချင်သူများအတွက် ကျွန်တော်အောက်မှာ Windows Restore လုပ်နည်းကို ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..
အရင်ဆုံးမိမိတို့ရဲ့ စက်ထဲကို Windows ခွေကိုထည့်လိုက်ပါ.. ပြီးရင် Windows တင်တဲ့ အတိုင်းဆက်ပြီး လုပ်သွားလိုက်ပါ..။ Windows ကို Install လုပ်ရမဲ့နေရာရောက်ရင် ဆက်ပြီးလုပ်ရမယ့် အဆင်လေးတွေကိုတော့  အောက်မှာ ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...
အပေါ်ကပုံအတိုင်း မြင်ရပြီဆိုရင်တော့ သူက Recovery လုပ်မှာလား Restore လုပ်မှာလား ဆိုပြီး  ရွေးခိုင်း ပါလိမ့်မယ်.. ကျွန်တော်တို့က Restore လုပ်မှာဖြစ်တဲ့အတွက် Restore your computer ကိုရွေးပေးလိုက်ပါ..
အပေါ်ကပုံမှာပြထားတဲ့ အတိုင်း မိမိတို့ Back Up လုပ်ထားတဲ့ Drive ပေါ်လာပြီဆိုရင် Next ကိုနှိပ်လိုက်ပါ.. ကျွန်တော်က Drive H ထဲမှာ Back Up လုပ်ထားတာဖြစ်တဲ့အတွက် ( H ) ဆိုပြီးပေါ်နေတာဖြစ်ပါတယ်..။
အပေါ်ကပုံအတိုင်းမိမိရဲ့ ကွန်ပျူတာကို Restart ပေးလိုက်ပြီးလို့ Windows ပြန်တက်လာပြီဆိုရင်တော့ Windows ကို  Back Up လုပ်ခဲ့တုန်းကအခြေအနေအတိုင်းပြန်ပြီး အသုံးပြုလို့ရသွားပါပြီ..။
အားလုံးပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ.
39 comments:
  1. အကိုေ၇ စက်ကသူများဆီ က ၀ယ်တာဘာမှ မသိခဲ့ဘူး အခုလဲ windows7 အာတီမိတ် တင်လိုက်တာ အသံကမလာတောဘူး
    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ် တို့ ကို
    ReplyDelete
  3. ကျေးဇူးအများကြီးတင်တယ် အစ်ကိုရေ..နောက်လဲ windows 7နဲ့ပက်သက်တဲ့အကြောင်းလေးတွေများများရေးပေးပါအုန်း.....
    ReplyDelete
  4. ညီလေးနေမင်းမောင်ရေအစ်ကိုတစ်ခုလောက်မေးချင်လို့ပါ။အစ်ကို့စက်မှာဝင်းဒိုးအသစ်တင်ပြီး adobeflash player ပြန်အင်စတောလုပ်လို့မရတော့လို့ပါ။အစ်ကို့စက်က dell inspiron N4010 laptop window7 home premiUM 64 bit ပါ။ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါ။အားတော့နာတယ်ညီလေးရေ။ဒါပေမယ့်အစ်ကိုလည်းရှေးဆက်လုပ်မတတ်တော့လို့ညီလေးဆီအကူအညီတောင်းတာပါ။ညီလေးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းပြည့်စုံပါစေ။
    ReplyDelete
  5. အကိုရေ ကျတော်ပြန်လည်မျှဝေပေးဖို့ ယူသွားတယ်နော်
    ReplyDelete
  6. ကိုနေမင်းမောင်လို အများအကျိုးဆောင်နိုင်တဲ့သူတွေများများပေါ်ပေါက်လာပါစေလို့ ဆုတောင်းပေးပါတယ်။
    ကိုနေမင်းမောင်ကို ကျွန်တော် မချီးကျူးပဲမနေနိုင်ပါဘူး။
    ကိုနေမင်းမောင် ကျန်းမာပါစေလို့ ဆုတောင်းပေးလျှက်......
    သီဟ (စိုက်ပျိုး)
    ReplyDelete
  7. ကျေးဇူးအထူးတင်ပါတယ်...နောက်ထက်ပိုစ်များများတင်နိုင်ပါစေ။
    ReplyDelete
  8. ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ပညာတင်မကပါဘူး.စေတနာပါထည့်ထားတယ်ဆိုတာ အစ်ကိုတင်တဲ့ပို့စ်ကိုကြည့်ရင်း
    သိရလို့ပါ.. တကယ်ကိုကျေးဇူးတင်ပါတယ်..
    ReplyDelete
  9. ကျေးဇူးအများအများကြီး တင်ပါတယ်ဗျာ...
    ReplyDelete
  10. Thanks a million,bro.
    ReplyDelete
  11. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကျွန်တော်မသိတာလေးတွေကို သိခွင့်ရတဲ့ အတွက် ပါ
    အောင်မြင်ပါစေခင်ဗျာ
    ReplyDelete
  12. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကျွန်တော်မသိတာလေးတွေကို သိခွင့်ရတဲ့ အတွက် ပါ
    အောင်မြင်ပါစေခင်ဗျာ
    ReplyDelete
  13. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကျွန်တော်မသိတာလေးတွေကို သိခွင့်ရတဲ့ အတွက်
    ReplyDelete
  14. ဒီးထက်မကဖေးါး်ပြနိုင်ပါစေ....
    ReplyDelete
  15. Thank u so much
    ReplyDelete
  16. Thank , Brother ..
    ReplyDelete
  17. အစ်ကိုကြီကမပြောရင်တောင်မှ ကျွန်တော်ကတော့ millions of thanks ပါပဲကွာ.......... God bless you in all you do
    ReplyDelete
  18. မောင်းသိန်ဖေမြင့်September 28, 2012 at 11:01 AM
    အစ်ကို အစ်ကိုဆိုဒ်ဟာ ညီးတိုမြန်မာလူမိုးတွေးအတွက်အရန်တန်ဖိုးရှိပါတယ် အစ်ကို အစ်ကိုညီနေမင်းဆိုဒ်ထဲးဝင်းပြီရင်းတချားဆိုဒ်တွေးကြည်ရတာ ဟာတာတာကြီးဖြစ်ဖြစ်နေတယ် ဘာပဲဖြစ်ဖြစ်ကိုကိုယ်သင်းပြပေးနေတဲ့ဆရားတွေးကြီးပါပဲး ဆရားသမားအာလုံးကိုညီးမောင်းသိန်ဖေမြင့်ကအစဉ်းအမြဲလေစာနေလျှက်ပါအစ်ကို ညီးအီမေလ်က de1915@hotmail.com ပါအစ်ကိုနေမင်းမောင်
    ReplyDelete
  19. ကိုနေမင်း---ကိုအရမ်းကိုကျေဇူးတင်ပါတယ်၊
    ReplyDelete
  20. အများကြီးတယ်တယ်ကျေးဇူး
    ReplyDelete
  21. thanks a lot bro; ခုလိုအွန်လိုင်းပေါ်ကနေ အခမဲ့ပညာတွေဝေမျှပေးနေတဲ့အကို၇ဲ့စိတ်ဓါတ်ကိုအရမ်းလေးစားမိပါတယ် နောက်နောင်ဒီလိုပဲ ဝေမျှနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလျက်
    ReplyDelete
  22. ကျေးဇူးတင်ပါတယ်အစ်ကို
    ReplyDelete
  23. သိုင်းကျူး ပါဗျာ ဆရာဖြစ်ထိုက်ပါတယ်.... တချို့ က အထက်တန်းပြ ဆရာတွေဗျ သူတို့တတ်သလိုရှင်းပြကြတယ် .. ကျွန်တော်တို့က သူငယ်တန်း (လုံးဝ)အဆင်မပြေဘူး
    ReplyDelete
  24. ကျနော်က ပညာလိုက်ရှာနေတာ ဆရာပြောသလိုပဲ စာအုပ်နဲ့ရေမှတ်ပြီးလိုက်လုပ်ကြည်မယ် မတတ်သေးပေးမဲ့လည်းနည်း2တော.သဘောပေါက်တယ် သင်ပေးနဲ့သူမရှိဘူးဆိုတော့ဒီလိုပဲလေ့လာရမှာပေါ့ ကျေးဇူးအများကြီးတင်ပါတယ် တတ်ခြင်းတယ်ဆရာတို့လိုမျိး
    ReplyDelete
  25. ကွန်ပြူတာလုံးဝ အခြေခံမရှိတဲ့ဒို့အတွက်တော့ ခင်ဗျားလို ပုံလေးတွေနဲ့ရှင်းပြတော့ တော်တော်လေးအဆင်ပြေပါတယ်၊စေတနာအကျိုးပေးပါလိမ့်မယ်၊ကျေးဇူးအထူးပါ။
    ReplyDelete
  26. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
    ReplyDelete
အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်