• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, June 10, 2015

အင်တာနက်သမိုင်းကြောင်း




အင်တာနက် သမိုင်းကြောင်း   
           

အင်တာနက် ဆိုသည်မှာ International Network အားအတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါသည်။ Internet Protocol Suite(TCP/IP) ကိုအသုံးပြု၍ Network ကွန်ရက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသောနေရာ အနှံ့သုံးစွဲသများကို ဝန်ဆောင်မှုပေးပြီး ချိတ်ဆက်ထားသည့် စနစ်တစ်ခုပဲဖြစ်ပါသည်။ ကမ္ဘာ္ဘအနှံ့တွင်ရှိသော ကွန်ပျူတာကွန်ရက် (Computer Networks) များကိုချိတ်ဆက်ထားပြီး Data များကို Internet Protocol အသုံးပြု၍ Packet Switching နည်းလမ်းဖြင့် လွှဲပြောင်း ပို့ဆောင်ခြင်းပဲဖြစ်ပါသည်။  Internet ဆိုသည်မှာကမ္ဘာအနှံ့က ကွန်ပျူတာများ အချင်းချင်းချိတ်ဆက် အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ကွန်ပျူတာတစ်ခုမှ တစ်ခုအားလိုအပ်သော Data များ File များကို လွှဲပြောင်းပေးအပ်ခြင်းလည်း ဖြစ်ပါသည်။  InternetNetwork အတွင်းသန်းချီသော ပြည်တွင်း ၊ ပညာရေး ၊ စီးပွားရေးနှင့် အစိုးရ Networks များဟာ Information နှင့် Services တွေကိုအတူတကွ အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။

 အင်တာနက်စတင်ပေါ်ပေါက်လာပုံ။                 


ယနေ့ခေတ် ကျွန်တော်တို့နေ့စဉ် အသုံးပြုနေကြသော အင်တာနက်ဆိုသည်မှာ ၁၉၅၀ ခုနှစ်ဝန်းကျင်လောက်မှစ၍ Electronic Computers တွေကနေ စတင်ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါသည်။ ၁၉၄၈ ဝန်းကျင်တွင် AT & T (American Telephone & Telegraph) Bell Labs မှသချာင်္ပညာရှင် Claude Shannon သည် Mathematical Theory of Communication ဆိုသော စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။  သူရဲ့ Theory အရမည်သည့် Channel မှမဆိုသတင်းအချက်အလက် သယ်ဆောင်နိုင်သောစွမ်းရည်ကို တွက်ချက်ရယူနိုင်သည်လို့ ဆိုလိုပါသည်။ သူ၏ Theory တွင် Binary Information တစ်ခုကို  ဖော်ပြပေးနိုင်ရန်အတွက် 'bit' ဆိုသောစကားလုံးကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။ Shannon ရဲ့စွမ်းဆောင်မှုက Information Theory နှင့်  Internet အပါအဝင် ခေတ်သစ်ဆက်သွယ်ရေးစနစ်များ အားလုံးကို အထောက်အကူပြုနိုင်ခဲ့ပါသည်။

၁၉၅၇ခုနှစ်- ဆိုဗီယက်ယူနီယမ်ပြည်ထောင်စုက ကမ္ဘာ့ဂြိုလ်ပတ်လမ်းတွင် ''Sputnik'' ဆိုသော ဂြိုလ်တုကို စတင်လွှတ်တင်ခဲ့ပါသည်။ ယင်း Sputnik ဂြိုလ်တုပစ်လွှတ်ခဲ့ခြင်းအား တုန့်ပြန်သောအနေဖြင့် အမေရိကန်သမ္မတ Dwight D. Eisenhower သည် အာကာသဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်ရေး Program များအား အပေါ်စီးကမှ စောင့်ကြည့်နိုင်ရန်အတွက် Advanced Research Projects Agency Network (ARPANET) ကို University of California, Los Angeles (UCLA)Professor Leonard Kleinrock's ဓါတ်ခွဲခန်းထဲတွင်စတင်စမ်းသပ်ခဲ့ပါသည်။\




၁၉၆၁တွင် Massachusetts Institute of Technology (MIT) မှ သုတေသီ Leonard Kleinrock သည် Packet SwitchingTheory နှင့်ပတ်သက်သော ပထမဆုံးစာတမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့ပါသည်။ အသေတပ်ဆင်ထားသော ဆားကစ် (Fixed Circuits) များမှ တစ်ဆင့် Information ကိုပေးပို့ခြင်းထက် Packages ပြုလုပ်ထားသော သတင်းအချက်အလက်တွေ (Packages Of Information) ကိုသွက်လက်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပါက Information အတွက် အလွန်ကောင်းမွန်သော ဆောင်ရွက်မှုကို ရရှိစေနိုင်မည်ဟုဆိုသော ယင်းစာတမ်းက ARPANET မှ သိပ္ပံပညာရှင်များအား အသိပေးလှုံ့ဆော်ပေးခဲ့ပါသည်။




ကွန်ပျူတာချိတ်ဆက်မှု နည်းပညာရပ်များအား အမျိုးမျိုးလေ့လာစမ်းသပ်နေရင်းမှ ၁၉၆၉-ခုနှစ် အရောက်တွင် တက္ကသိုလ်ကြီးလေးခုဖြစ်သော Stanford Research Institute University of California of Los AngelesUniversity of California, Santa Barbara  နှင့် University of Utah တွင်ရှိသော ကွန်ပျူတာစက်လေးလုံးတွင် Advanced Research Projects Agency Network (ARPANET) ဖြစ်သော Network Hosts လေးခုအားတပ်ဆင်ပြီးယင်းတို့ကို AT & T က 50KbpsLines မှ တစ်ဆင့် ဆက်သွယ် နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၉၇၀-University of Hawaii တွင်ကွန်ပျူတာတွေကြားတွင် Data များအားအပြန်အလှန် ဖလှယ်ပေးနိုင်သော Alohanet ကို Norman Abramson က တီထွင်နိုင်ခဲ့ပါသည်။၁၉၇၁ - ကွန်ပျူတာများအချင်းချင်း သတင်းအချက်အလက်များကို ပေးပို့နိုင်ရန်အတွက် Massachusetts ပြည်နယ် Cambridge တက္ကသိုလ်မှ ကွန်ပျူတာ Scientist (Ray Tomlinson )သည် EmailProgram ကိုရေးသားခဲ့ပြီး Email Address များတွင် @ ဆိုသောအမှတ်အသားကို အသုံးပြုကာ တည်ဆောက်ထားမှုကို ပြသခဲ့ပါသည်။ ဇူလိုင်လအရောက်တွင် သိပ္ပံပညာရှင် Lawrence (Larry) Roberts က Email Client ထံသို့ Messages များကိုပေးပို့နိုင်၊ ပြန်ကြားနိုင်တဲ့ ပထမဆုံး Program ကို ရေးဆွဲနိုင်ခဲ့ပါသည်။ ပထမဆုံးအများပြည်သူများအား သရုပ်ပြခဲ့သော ARPA Network ကိုဝါရှင်တန်တွင် ရှိသောဟီလတန်ဟိုတယ်တွင် ကျင်းပသည့် ကွန်ပျူတာဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သောနိုင်ငံတကာ Conference တွင် ပြသနိုင်ခဲ့ပါသည်။ ၁၉၇၄- ပထမဆုံး Commercial Packet-switched Networking Service ဖြစ်သောTelenet ကို Bolt Beranek and Newman (BBN) က စတင်ထုတ်လုပ်ခဲ့ပါသည်။ ကွန်ရက်များအားဖြတ်၍ Data Packets များကိုTransmission လုပ်ရာတွင် စီမံခန့်ခွဲသော နည်းလမ်းသစ်တစ်ရပ်ဖြစ်သည့် Transmission Control Protocol (TCP) အတွက် အမေရိကန် ကွန်ပျုတာသိပ္ပံပညာရှင် Vint Cerf နှင့် Bob Kahn တို့ကပထမဆုံးအသေးစိတ် အချက်အလက်များကိုဖြန့်ဝေခဲ့ပါသည်။ ၁၉၇၅-Microsoft အားဘီလ်ဂိတ်မှ စတင်တည်ထောင်ခဲ့ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Paul AllenမှMicrocomputers များအတွက် Software ကိုထုတ်လုပ်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုမှ Hawaii ကျွန်းနှင့် UK အထိ ဂြိုလ်တု Links များအားဖြတ်၍ TCP တွေ၏ Mailing List ကို Arpanet တွင် မွေးဖွားခဲ့ပါသည်။

၁၉၇၆-Steve Jobs နှင့် Steve Wozniak တို့က Apple Computer ကိုစတင်ဖန်တီးခဲ့ပါသည်။ ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီးကပထမဆုံးအကြိမ် Royal Email ကိုစတင်ပို့ခဲ့ပြီးနောက်ပိုင်းမှာ Bell Labs မှ သုတေသီများက Unix-to-Unix Copy Program အားပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည် ။  ၁၉၇၈-TCP Protocol အား Internet Protocol (IP) အသစ်အဖြစ် ဖန်တီး၍အစိတ်အပိုင်းနှစ်ခု ခွဲပစ်ခဲ့ပါသည်။ ဤ Protocol အားအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသော Network များကို Internet အဖြစ် လူသိများပါသည် ။Internet များအား စုပေါင်းကာပိုမိုကျယ်ပြန့်သော Internet အဖြစ်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ၁၉၇၉-Bob Metcalfe နှင့်အခြားသုတေသနပညာရှင်များသည် 3 Com ဖြစ်သော Computer Communication Compatibility ကိုစတင်ဖန်တီးခဲ့ပါသည်။


၁၉၈၀ -Enquire Within အမည်ရှိသော Program ကို British ကွန်ပျူတာသိပ္ပံပညာရှင် Tim Berners-Lee ကရေးသားခဲ့ပြီး World Wide Web မပေါ်သေးမှီအချိန်အထိအစားထိုးအသုံးပြုခဲ့ပါသည်။ ၁၉၈၁တွင် International Business Machines Corporation (IBM) မှပထမဆုံးသော Personal Computer (PC) အားထုတ်လုပ်ခဲ့ပြီးယင်းတွင် MicrosoftDOS Operating System ကိုတပ်ဆင်ခဲ့ပါသည်။ Arpanet ကို Access လုပ်စရာမလိုဘဲအသုံးပြုနိုင်သော Network အသစ်တစ်မျိုးဖြစ်သည့် CSNET BackboneအားThe National Science Foundation (NSF) က တည်ဆောက်ခဲ့ပါသည်။ European Unix Networkဟု အမည်ရသော EUNET ကိုယူကရိန်း ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် နယ်သာလန်နိုင်ငံများအကြား Email နှင့် Usenet services များကိုဆောင်ရွက်ပေးရန် တီထွင်ခဲ့ကြပါသည်။ Electronic Networks များတွင် အစောပိုင်းကဒုက္ခပေးခဲ့သော Addressing System ကိုအစီအစဉ်တကျရှိစေနိုင်ရန်အတွက် Wisconsinတက္ကသိုလ်တွင် Domain Name System (DNS) တွေဖြစ်သည့် .edu, .gov, .com, .mil, .org, .net, နှင့် .int များကို စတင်ဖန်တီးတည်ထောင်ခဲ့ပါသည်။ ၁၉၈၃တွင် TCP/IP အား ARPA မှ တရားဝင် စတင်သုံးစွဲခဲ့ပါသည်။ ၁၉၈၄- Cyberspace ဆိုသောဝေါဟာရအား William Gibson ရေးသားသော Neuromancer ဟုအမည်ရသောစာအုပ်တွင် ပထမဆုံးစတင်မိတ်ဆက်ခဲ့ပါသည်။



ဇန်နဝါရီ ၂၄ ရက်နေ့အရောက်တွင် Apple Computer မှ Macintosh ဆိုသော OS(Opreating System) တစ်မျိုးကိုစတင် မိတ်ဆက်ပေးခဲ့ပါသည်။


မတ်လ ၁၅ ရက်နေ့မှာ Symbolic.com က ပထမဆုံး မှတ်ပုံတင်ထားသော ဒိုမိန်းတစ်ခုဖြစ်လာပါသည်။ CSNET ၏အယူအဆအရ NSFNET အားတည်ဆောက်ခဲ့ပြီး NSFNET ကိုဖန်တီးပြီးသောအချိန်တွင် အမေရိကန် ပြည်ထောင်စုတွင် Super Computing Centres ငါးခုအား ဆက်သွယ်ပေးနိုင်သော အလွန်လျန်မြန်သည့် Backbone တစ်ခုဖြစ်လာပါသည်။ NSFNET ပေါ်ပေါက်လာတာနဲ့ Network အသေးကလေးများလည်း အနှံ့အပြားပေါ်ပေါက်လာခဲ့ပါသည်။ America Online (AOL) က Quantum Computer Services များအနေဖြင့် စတင်အသက်ဝင်လာခဲ့ပါသည်။ ၁၉၈၆ တွင် ARPAnet/Internetအား သုံးစွဲသူပေါင်း ၅၀၀၀ရှိလာခဲ့ပြီး ၁၉၈၇အရောက်မှာတော့ သုံးစွဲသူ ၁၀၀၀၀ကျော် ဖြစ်လာခဲ့ပါသည်။ The Internet Engineering Task Force (IETF) ကို Arpanet နှင့် သော့ချက်ကျသည့် Internet gateway systems များနှင့်ပတ်သက်ပြီး နည်းပညာဆိုင်ရာ ညှိုနှိုင်းရန် ဖွဲ့စည်းခဲ့ပါသည်။ Network News Transport Protocol (NNTP) အား Usenet ပေါ်တွင် Unix-to-Unix Copy (UUCP) အဖြစ် စတင်အစားထိုးနိုင်ရန် ပြုလုပ်လာခြင်း ဖြစ်သည်။ ယင်းမှာ Newsgroup Data များဖလှယ်ရေးတွင် စံပြုထားသောနည်းလမ်းအဖြစ် ထားရှိရန် ဖြစ်သည်။

၁၉၈၈တွင် ကွန်ပျူတာသိပ္ပံပညာရှင် Robert Morris က အင်တာနက်ပေါ်မှာ အသုံးပြုနိုင်သော Worm အမည်ရသည့် Program အားရေးသားခဲ့ပြီး ယင်း Programမှာ Network ပေါ်ရှိစက်များ၏ 10% သို့မဟုတ် သုံးစွဲသူ Host 6000 ကိုဆက်သွယ်နိုင်ခဲ့ပါသည်။ ထို့အတူယင်းနှစ်ထဲမှာပင် Internet relay Chat (IRC) ကိုဖင်လန်နိုင်ငံမှ JarkkoOikarinen က ပြုလုပ်နိုင်ခဲ့ ပါသည်။


၁၉၈၉အရောက်တွင် အင်တာနက်သုံးစွဲသူပေါင်း တစ်သိန်းကျော်ရှိလာခဲ့ပြီး McAfee Antivirus Softwares တွေ Free ရယူလာနိုင်စေရန် တီထွင်ဖန်တီးနိုင်ခဲ့ပါသည်။ မက်ဆာချူးဆက်ပြည်နယ်တွင် လည်းThe World (world. std. com) ဟုခေါ်သည့်ပထမဆုံး Dial-up Internet Service Provider (ISP) ကိုတည်ထောင်ခဲ့ပြီး အင်တာနက်ပေါ်တွင် မိမိလုပ်ငန်းနှင့်ပက်သက်မှု (Website) များအား သွားရောက်ယူဆောင်ပေးနိုင်သော Browserများ ပေါ်ပေါက်လာခဲ့ပါသည်။ ပထမဆုံး Browser သည် Netscape ဖြစ်ပြီး ၄င်းကို Jim Clark နှင့် Marc Andressen တို့ကပြုလုပ်ခဲ့ပါသည်။ Website များမရေတွက်နိုင်အောင် များပြားလာသည့် အတွက် Search Engine များ ထပ်မံပေါ်ပေါက်လာကြပါသည်။'' Yahoo'' Search Engineကိုစတင်းဖို့ဒ် တက္ကသိုလ်ကျောင်းသား David Filo နှင့် Jerry Yan တို့ကတီထွင်နိုင်ခဲ့ကြပါသည်။


၁၉၉၀- ARPAnetသည် သုတေသနလုပ်ငန်းတစ်ခုအဖြစ်မှ တရားဝင်ရပ်စဲခဲ့ပြီး Network တစ်ခုဖြစ်လာပါသည်။ ယင်းအချိန်တွင် Tim Berners-Lee ကလည်းWorld Wide Web ကိုစတင်ဖန်တီးနိုင်ခဲ့ပါသည်။ ၁၉၉၁-Europe's Particle Physics Laboratory မှ HTML Mark-up Language နှင့် HTTPProtocol တို့အတွက်  စာသားအနေအထားကို ကြည့်ရှုနိုင်သော Browser တစ်ခုကိုတီထွင်ဖော်ထုတ်ခဲ့ပါသည်။ ဖင်လန်လူမျိုး ကျောင်းသားတစ်ယောက်ဖြစ်သော Linus Torvalds သည် Writing The Operating System နှင့်ပတ်သက်ပြီးစတင်ရေးဆွဲရာမှ Linux OS ဖြစ်ပေါ်လာပါသည်။ ၁၉၉၂တွင် World Wide Web အား CERN မှ Public Domain အတွင်းသို့ စတင်ဖြန့်ချိလိုက်သည့် အချိန်တွင် အင်တာနက်သုံးစွဲသူဦးရေမှာ ၁ သန်းကျော်သွားပြီဖြစ်ပါသည်။
 


၁၉၉၃- အမေရိကန် Software Engineerတစ်ဦးဖြစ်သော Marc Lowell Andreessenက Mosaic For X အမည်ရှိသောပထမဆုံး Graphical Browser ကို National Centre for Supercomputing Applications (NCSA) မှ စတင်ဖြန့်ဝေလိုက်သော အချိန်တစ်နှစ်အတွင်းတွင် Web ပေါင်း ၃၄၁,၀၀၀အထိ ဖြစ်လာခဲ့ပါသည်။ ၁၉၉၄ခုနှစ် - Marc Andressen နှင့် Jim Clark တို့က Netscape အားဖန်တီးလိုက်ပြီး နွေနှောင်းရာသီတွင် Navigator Browser ၏ပထမပုံစံအား ထုတ်ဖေါ်ပြသခဲ့ပါသည် ။


Linus Torvalds ကလည်း Linux kernel Version 1.0ကိုထုတ် ဖော်ပြသလိုက်ပါသည်။ Microsoft Licenses Technology ဖြစ်သည့် Window 95 အတွက် Web Browserကိုလည်း ဖန်တီးထုတ်ဖေါ်ပြနိုင်ခဲ့ပါသည်။ ၁၉၉၅ခုနှစ် -Web ဟာအင်တာနက်ဆက်သွယ်မှုတွင် အကြီးမားဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ Sun Microsystem က Java ကိုတီထွင်လိုက်ပါသည်။ Real Audio ဟုခေါ်သည့် Audio Streaming Product အမျိုးအစားလည်း ပေါ်ပေါက်လာခဲ့ပါသည်။ Domain Name tv.com အား CNETထံသို့ $15,000 နှင့် ရောင်းချခဲ့ပြီးနောက်ပိုင်းတွင် Microsoft နှင့် Netscapeတို့  နှစ်ဦးစလုံးသူတို့၏ Third version တွေဖြစ်သော Browser များကိုထုတ်ရောင်းပြီး Browser ပြိုင်ဆိုင်ပွဲများ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ ၁၉၉၇ခုနှစ်-အင်္ဂါဂြိုဟ်ပေါ်တွင်ရှိသော Pathfinder Spacecraft မှထုတ်လွှင့်ချက်များကို လူအများ ကြည့်ရှုနိုင်ရန် နာဆာ၏ Home Page မှ 46မိနစ်ကြာ ထုတ်လွှင့်ပေးခဲ့ပါသည်။ Netscape က ယင်း၏ Browser Version 4 ကို Microsoft ထက်ဦးအောင် ထုတ်ဝေခဲ့သည့်အပြင် ၁၉၉၈ခုနှစ် အရောက်မှာတော့ Netscape က သူတို့၏ Browser သာမက Browser Source Codeများကိုပါ အခမဲ့ ဖြန့်ဖြူးပေးမည်ဟု ကြေညာခဲ့ပါသည်။ ထို့အပြင် သီးခြားဌာနခွဲတစ်ခုဖြစ်သော Mozilla.org ကိုလုပ်ငန်း၏ Open Source Element အပေါ်တွင်အခြေခံထားသော Products များကို Create လုပ်နိုင်ရန်အတွက် တည်ထောင်ခဲ့ပါသည်။

၁၉၉၉-AOL မှ Netscape အားဝယ်ယူခဲ့ပြီးနောက်ပိုင်းတွင် AOL နှင့် Microsoftတို့ Chat software များနှင့်ပတ်သက်၍ တိုက်ခိုက်မှုများဖြစ်ပေါ်လာခဲ့ပါသည်။ ပြသနာမှာ Microsoft ကိုအသုံးပြုသော Userများကို AOL က ဟန့်တားရန် ကြိုးပမ်းသောကြောင့် ဖြစ်ပါသည်။ ၁၉၉၉ခုနှစ်အတွင်းတွင်ပင် Melissa (computer virus) ဟုအမည်ရသည့် Virusကြောင့် Microsoft နှင့်Computer လောကတစ်ခုလုံးအထိနာခဲ့ပါသည်။


၂၀၀၀ ပြည့်နှစ်တွင် ကြေးနီနှင့်Fiber Optic Cableများကို အသုံးပြုပြီး High-speedInternet Technology တွေနှင့် Fixed Wireless နည်းပညာများ သိသိသာသာဖွံဖြိုးလာခဲ့ပါသည်။ ဇန်နဝါရီလ၁၀ရက်နေ့တွင် AOLမှ ရှယ်ယာ၅၅ရာခိုင်နှုန်းထည့်သွင်းပြီး Time-Warnerနှင့် ပူးပေါင်းကာ ကုမ္ပဏီအသစ်ကို စတင်တည်ထောင်ခဲ့ပါသည်။  ဖေဖေါ်ဝါရီလထဲတွင် Yahoo! နှင့် eBay ကဲ့သို့ အဓိကကျသော Web Sites အများစုတိုက်ခိုက်ခံခဲ့ရပါသည်။ ယင်းအချိန်တွင် Register လုပ်ထားသော Websites အားလုံးပေါင်း 10,000,000 ကျော် ရှိနေပြီဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလအရောက်မှာတော့  အင်တာနက်ပေါ်တွင် Register လုပ်ထားသော Websites အားလုံးပေါင်း ဖေဖေါ်ဝါရီလထက် နှစ်ဆ မြင့်တက်နေပြီးစုစုပေါင်း20,000,000 ကျော်ရှိသွားပြီဖြစ်သည်။

၂၀၀၁ ဂျုလိုင်လတွင် Red Wormနှင့် Sircam Virus များသည် ထောင်ပေါင်းများစွာသော Web Servers များ Email Accounts များနှင့် Internet Bandwidth UsageများSecurity Breaches တွေထဲအထိထိုးဖေါက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါသည်။ ၂၀၀၇ခုနှစ်အရောက်တွင် အင်တာနက်အသုံးပြုသူ စုစုပေါင်း 1.114 Billion ရှိလာပြီဖြစ်ပါသည်။


ယခုအချိန်တွင် အင်တာနက်အား တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေကြပြီ ဖြစ်ပါသည်။ မိမိတို့ သိရှိလိုသောအကြောင်းအရာများကို ကွန်ပျူတာရှေ့တွင်ပင် တစ်ထိုင်တည်း သိရှိနိုင်ပြီဖြစ်ပါသည်။ လူအများအပြားကတေးဂီတ၊ ရုပ်ရှင်နှင့် အခြားသောနှစ်သက်ရာ စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုပ်ဆွဲချရန် အင်တာနက်ကို အသုံးပြုလာကြပါသည်။

နိဂုံးချုပ်အနေဖြင့် လူငယ်လူကြီးတွေကြား မသုံးမဖြစ်ပုံစံဖြစ်လာသော အင်တာနက်ဆိုသည့် နည်းပညာတစ်ရပ်သည် ယနေ့ လူသားများအတွက် သုတေသနပြုလုပ်ရာ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်ရာ၊ စိတ်အပန်းပြေစရာများ ရှာဖွေရာနေရာတစ်ခု ဖြစ်နေပါသည်။ လူကြီးတွေသာမက ကလေးငယ်များအတွက်လည်း Cyberspace လို့ခေါ်တဲ့ အင်တာနက်ကမ္ဘာသည် များသောအားဖြင့် ဂိမ်းများရှာဖွေကစားရာ၊ ပျော်ရွှင်စရာ  နေရာတစ်ခု ဖြစ်ပါသည်။ ပျော်ရွှင်စရာ နေရာတစ်ခုဖြစ်သလို အန္တရာယ်များသော နေရာတစ်ခုလည်း ဖြစ်ပါသည်။အင်တာနက်ဆိုသည်မှာ သုံးတတ်သူများအတွက် ဗဟုသုတ စာပေဟင်းလေးအိုးကြီးတစ်ခု ဖြစနေသော်လည်း ညစ်ညမ်းဆိုဒ်များနှင့် အခြားအခြားသော သတင်းအမှားပေး နာမည်ဖျက်နိုင်သော မီဒီယာဆိုဒ်များလည်း  တော်တော်များများ  ပေါ်ပေါက်နေပြီ ဆိုတာကိုလည်း မိမိတို့သတိပြုမိရမှာ ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်က ကမ္ဘာသူကမ္ဘာသားများနှင့် အလွယ်တကူဆက်သွယ် ပြောဆိုနိုင်သည့်အချက်သည် အင်တာနက် အားသာချက် တစ်ခုပဲဖြစ်ပါသည်။ မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကရုပ်လောကကမ္ဘာကြီးဖြစ်သောကြောင့် အင်တာနက်ပေါ်ရှိ ကွဲပြားခြားနားသော ပုံစံမျိုးစုံရှိသည့် လူများကိုလည်း သိမြင်ထားနိုင်ရမည်ဖြစ်ပါသည်။ အသုံးပြုသူအများစုမှာ ရင်းနှီးချစ်ခင်မှုရှိကြပေမယ့် အချို့အချို့သောလူများသည် ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံနေကြတာကိုလည်း မိမိတို့တွေ့မြင် နေကြရဆဲဖြစ်ပါသည်။ ထို့အပြင် အရင်းအမြစ်အချို့ကို ရှာဖွေဖတ်ရှုကူးယူရာတွင်လည်း မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို  လေးစားရမည်ဆိုတာကိုလည်း မိမိတို့သိထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် အင်တာနက်ယဉ်ကျေးမှုကို သိမြင်ပြီး အကောင်းအဆိုးခွဲခြားသိမြင်ကာ အကောင်းဆုံး၊ ဗဟုသုတအရဆုံး ရှာဖွေနိုင်ပါက မိမိအတွက်တင်သာမကမိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ပတ်ဝန်းကျင်တွင် လူနေမှုအဆင့်အတန်းဘဝများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများလည်း ပိုမိုတိုးတက်လာနိုင်မည်ဟု ထင်မြင်မိပါကြောင်း  ရေးသားရင်းနဲ့ ကျွန်တော် နေမင်းမောင် ဆိုဒ်ကို ပြန်အသက်သွင်းလိုက်ပါတော့မယ် ခင်ဗျာ......... 


အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ... လေးစားစွာဖြင့်
နေမင်းမောင်


ရည်ညွှန်းကိုးကား


၁။         http://www.computerhistory.org/


၃။         http://en.wikipedia.org/wiki/ARPANet



၆။         http://en.wikipedia.org/wiki/3Com

0 ဦးမှက်ချက်ရေးသွားပါတယ်..:

Post a Comment



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်